Connect with us

Videos

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ပန်ဒါလေး ၁၂ ကောင်အား လူထုနှင့် မိတ်ဆက်ပြသ

ချန်ဒူး ၊ အောက်တိုဘာ (၂၈) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ် ပြည်နယ်၊ ချန်ဒူးဒေသတွင် ယခုနှစ်အစောပိုင်းက မွေးဖွားခဲ့သည့် ပန်ဒါလေး အမွှာ (၆)စုံ (၁၂) ကောင် နှင့် အခြား ၁ကောင် စုစုပေါင်း ၁၃ကောင် ဧည့်ပရိသတ်များနှင့် အောက်တိုဘာလ ၂၄ ရက်နေ့က မိတ်ဆက်ပေးခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) နှင့် ချန်ဒူ ပန်ဒါကြီးများမွေးမြူရေးနှင့် သုတေသန စင်တာတို့ ပူးပေါင်းပြီး ယခုလို ပန်ဒါအမွှာလေးများကို ပန်ဒါချစ်သူများနှင့် တစ်ကမ္ဘာလုံးရှိ ပန်ဒါထိန်းသိမ်းသူများအား မိတ်ဆက်ပေးခြင်းဖြစ်သည်။

အဆိုပါ ပန်ဒါအမွှာလေးများအား ကျင်ဟီးဟုအမည် ရသော အသက် (၁၄)နှစ်အရွယ် ပန်ဒါမလေးမှ စက်တင်ဘာလတွင် မွေးဖွားခဲ့ သည်။

တစ်ကမ္ဘာလုံးရှိ ပရိသတ်များမှ စုပေါင်းပြီး ပန်ဒါအမွှာများ အတွက် အမည်ပေးခဲ့ကြပြီး နောက်ထပ် ပန်ဒါအမွှာ (၅) စုံအတွက် အမည်ပေးရန်ကျန်ရှိသေးကြောင်းသိရပါသည်။ကျွမ်းကျင်သူများမှ မည်သည့် အကြောင်းကြောင်းကြောင့် ယခုကဲ့သို့အမွှာများစွာမွေးဖွားလာခြင်း အား တိကျသောအဖြေမထုတ်နိုင်သော်လည်း မွေးမြူရေးစင်တာမှ ဝန်ထမ်းတစ်ဦးက စင်တာ၏ အစားအစာကျွေးမွေးထိန်းသိမ်းမှု ကောင်းမွန်ခြင်း နှင့်များစွာ ဆက်စပ်လိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

စီချွမ် နှင့် ရှမ်ဇီ ပြည်နယ် တို့ရှိ တောထဲတွင် အနည်းဆုံး ပန်ဒါပေါင်း ၂ထောင်ကျော် ကျင်လည်ကျက်စားလျက်ရှိသည်။ပန်ဒါအကောင်ကြီး များသည် မွေးဖွားနှုန်းအလွန်နှေးကွေးကာ ပန်ဒါအမများ သည် တစ်နှစ်တွင် တစ်ကြိမ်သာ မွေးဖွားလေ့ရှိပြီး တစ်ခါမွေးဖွားပါက အများဆုံး ၃ ကောင်သာမွေးဖွားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.