Connect with us

Videos

ပေကျင်း နိုင်ငံတကာ ဥယျာဉ်ပန်းမန်ပြပွဲကို မဟာတံတိုင်းအောက် တွင် ရက်ပေါင်း ၁၆၂ ရက်တိုင် ကျင်းပမည်

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

၂ဝ၁၉ ခုနှစ် ပေကျင်း နိုင်ငံတကာ ဥယျာဉ်ပန်းမန်ပြပွဲကို တရုတ်နိုင်ငံ၏ နာမည်ကျော် မဟာတံတိုင်း အောက် တွင် အကျယ်အဝန်း ၅ဝ၃ ဟက်တာ ခန့် ရှိသည့် ပြပွဲ ပရဝဏ်ကို ပြင်ဆင်လျှက်ရှိပြီး ဧပြီလ ၂၉ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ပြပွဲကို ရက်ပေါင်း ၁၆၂ ရက် တိုင်ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ဧည့်သည်ပေါင်း ၁၆ သန်းခန့်လာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ ၎င်း ပြပွဲတွင် သစ်ပင် ပန်းပင်များနှင့် မျက်စိပသာဒဖြစ်ဖွယ် ပန်းအဆောက်အဦများကို ဖန်တီးပြသထားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၁ဝ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၂ဝ ကျော် မှ ပြပွဲတွင်လာရောက်ပြသမည်ဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်သည်။ ပြပွဲ ၏ အဓိက အကြောင်းအရာမှာ Live Green, Live Better စိမ်းစိုသာယာသည့် လူမှုဘဝတွင် ပိုမိုကောင်းမွန်စွာနေထိုင်ကြပါဟူ၍ ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.