Connect with us

Videos

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ၏ နှစ်ပေါင်း ၉ဝ ရှိ တော်ဝင် အဝတ်အစားဖက်ရှင်များ ပြပွဲ

ဘာကင်ဟန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ် II ၏ ဆယ်စုနှစ် ကိုး စု စာ ဝတ်ဆင်ခဲ့သည့် အဝတ်အစား ၈ဝ စုံကို ဘာကင်ဟန်နန်းတော် တွင် ပြပွဲအဖြစ်ဖွင့်လှစ်ပြသနေသည် ။
Fashioning a Reign: 90 Years of Style from The Queen’s Wardrobe ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါပွဲတွင် ဘုရင်မကြီး ၏ တော်ဝင်မင်္ဂလာပွဲနှင့် နန်းတက်ပွဲတို့တွင် ဝတ်ဆင်ခဲ့သည့် ဂါဝန်များကိုပါ ပထမဆုံးအကြိမ်အဖြစ် အတူတကွ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ ဘုရင်မကြီး၏ ဒုတိယကမ္ဘာစစ်တုန်းက ဝတ်ဆင်ခဲ့သည့် စစ်ယူနီဖောင်းအပါအဝင် သူမ ၏ ဘဝ တလျှောက်လုံးတွင် လူထုနှင့်တွေ့ဆုံခဲ့စဉ်ဝတ်စားခဲ့သည့် မရေမတွက်နိုင်သောအဝတ်အစားများနှင့် အခြားအသုံးအဆောင်များအားလုံးကိုပါ ပြသထားသည်ကိုတွေ့ရမည်ဖြစ်သည်။
ထိုပြပွဲမှာ ယခုနှစ်နွေရာသီအတွက် အရေးအကြီးဆုံးပွဲတစ်ခုဖြစ်ပြီး တော်ဝင်မိသားစုများ၏ ဝတ်စားဆင်ယင်နေထိုင်မှုတို့ကို နှစ်သက်မြတ်နိုးစိတ်ပါဝင်စားသူများအတွက်ရည်ရွယ်ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ ဘုရင်မကြီး၏ ကိုယ်ပိုင် ဗီရိုများထဲမှ ထုတ်နုတ်ပြသည့် အဝတ်အစားများဖြစ်သည့်အတွက် သူမအတွက်ရော ဗြိတိန်နိုင်ငံ၏ သမိုင်းတွင်ပါ ထူးခြားမှုတစ်ခု ဖြစ်လာကြောင်း ပြပွဲတွင်တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါပြပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ဖွင့်လှစ်ပြသသွားမည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.