Videos
ဘရပ်ဆဲလ် လေဆိပ် ပေါက်ကွဲမှုဖြစ်ပွား
ဘရပ်ဆဲလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် လေဆိပ်၌ မတ်လ ၂၂ ရက်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၂၂ ရက်နေ့ ညနေ ပိုင်းတွင် ရရှိထားသော သတင်းများအရ လူ ၁၇ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ဘယ်လ်ဂျီယံ မီဒီယာများက သတင်း ထုတ်ပြန်သည်။
မတ်လ ၂၂ ရက် နံနက် ဘရပ်ဆဲလ် လေဆိပ်၌ ဖြစ်ခဲ့သည့် အဆိုပါ ပေါက်ကွဲမှု နှစ်ခုကြောင့် လေဆိပ် ပိတ်ထားရပြီး လေယာဉ် ခရီးစဉ်များ အားလုံး ဖျက်သိမ်းလိုက်ကြောင်း ဘရပ်ဆဲလ် လေကြောင်းလိုင်း၏ တရားဝင် ဝက်ဘ် ဆိုဒ်တွင် ကြေညာထားသည်။
လေဆိပ်၌ ပေါက်ကွဲမှုများ ဖြစ်ပွားပြီး များမကြာမီတွင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ကော်မရှင် ရုံးချုပ်နှင့် ဥရောပ လွှတ်တော်အနီးရှိ Maelbeek မြေအောက်ရထား ဘူတာ၌လည်း ပေါက်ကွဲမှု တစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် မြေအောက်ရထားလမ်း စနစ်များ ရပ်တန့်သွားခဲ့သည်။ (Xinhua)