Connect with us

Videos

တရုတ်နိုင်ငံ၏ အာကာသ ဓါတ်ခွဲခန်း တီရန်ကွန်း မှ လုပ်ငန်းဆောင်တာများ ပြီးဆုံး

ပေကျင်း ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အာကာသဓါတ်ခွဲခန်း တီရန်ကွန်း သည် ကမ္ဘာပတ်လမ်း ထဲတွင် ရက်ပေါင်း ၁၆၃ဝ ရက် တာဝန်ထမ်းဆောင်ပြီးနောက် လုပ်ငန်းတာဝန်များပြီးဆုံးပြီဟုသိရသည်။

တီရန်ကွန်း အာကာသ ဓါတ်ခွဲခန်း ကို ၂ဝ၁၁ စက်တင်ဘာလတွင် ကမ္ဘာပတ်လမ်း ၌ ၂ နှစ် တာဝန်ထမ်းဆောင်ရန် အတွက် ရည်ရွယ်လွှတ်တင်ခဲ့ကြောင်းသိရသည်။

အဆိုပါ အာကာသဓါတ်ခွဲခန်းသည် အာကာသအတွင်း၌ လေ့လာစမ်းသပ်မှုများပိုမိုလုပ်ဆောင်ရန် ၂ နှစ် ခွဲ ဆက်လက်တာဝန် ဆက်လက်ထမ်းဆောင်ခဲ့သည်။
အာကာသ ၌ ၂ဝ၂၂ ခုနှစ်အရောက်တွင် လူများ အတည်တကျ အခြေချ နေထိုင်နိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ မှ အာကာသ အစီအစဉ်အား ငွေသန်းပေါင်းမြောက်မြားစွာ အကုန်ကျခံ တည်ဆောက်မည်ဖြစ်သည်။ ၂ဝ၂၂ ခုနှစ် အရောက်တွင် နိုင်ငံ၏ ပထမဆုံး ကမ္ဘာပတ်လမ်း အာကာသစခန်း တည်ဆောက်ရေးစီမံကိန်း အပြီးသတ်မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.