Videos
ဘရာဇီးဆည်ကျိုးမှုတွင် ဘေးသင့်သူ အရေအတွက် ဆက်လက်မြင့်တက်
ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအတွင်း လက်ရှိအချိန်အထိ ရရှိထားသောစာရင်းများအရ လူပေါင်း ၃ဝ၅ ဦး ပျောက်ဆုံး လျက်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၅၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
ဆည်ကျိုးမှုဖြစ်စဉ်အတွင်း ဘေးဒဏ်သင့်ခဲ့သည့် ပြည်သူများကို ကယ်ဆယ်စောင့်ရှောက်ထား သည့် စခန်းကို ဆင်ဟွာသတင်းဌာနမှ သွားရောက်ရိုက်ကူးတင်ဆက်ခဲ့ပါသည်။ အဆိုပါ စခန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် Thais Francine က“ ဒီကိုရောက်လာကြတဲ့ သူတွေက အကူအညီလိုအပ် နေကြသူတွေဖြစ်ကြပါတယ်။ သူတို့ကို ကူညီစောင့်ရှောက်ပေးဖို့ စိတ်ရောဂါကုဆရာဝန်တွေ၊ သူနာပြုတွေ အပြင် အခြား အထောက်အပံ့တွေအများကြီးလိုအပ်နေပါတယ်” ဟုဆိုသည်။
သေဆုံးသူ ၅၈ ဦးအနက် ၁၉ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ပျောက်ဆုံး နေသူများထဲတွင် မိုင်းတွင်းလုပ်သားများနှင့် ယင်းဒေသတွင်နေထိုင်ကြသည့် ဒေသခံများဖြစ်ကြောင်း Gerais ပြည်နယ် မီးသတ်တပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ အစိုးရဘက်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှာဖွေရေးလုပ်ငန်းများကို အပူတပြင်းဆက်လက်လုပ်ဆောင်လျက် ရှိသည်။ (Xinhua)