Connect with us

Videos

ပီရူးနိုင်ငံတွင်မင်္ဂလာပွဲအခမ်းအနားကျင်းပစဉ် ဟိုတယ်နံရံနှင့် ခေါင်မိုးပြိုကျမှုဖြစ်ပွား

လီမာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ တောင်ပိုင်း Apurimac ပြည်နယ်၌ ဇန်နဝါရီ ၂၇ ရက် က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Abancay မြို့ရှိ Alhambra ဟိုတယ်တွင် ခေါင်မိုး နှင့် နံရံပြိုကျမှု ဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ နိုင်ငံတော် ပြည်သူ့ကာကွယ်ရေးဌာန က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ Alhambra ဟိုတယ်၌ ကျင်းပသော မင်္ဂလာပွဲအခမ်းအနားသို့လူတစ်ရာနီးပါးခန့် တက်ရောက်ခဲ့ပြီး အမိုး နှင့်နံရံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးဌာနက ကူညီကယ်ဆယ်မှုများ ပြုလုပ်လျက်ရှိပြီး ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.