Videos
မြစ်ရေတိုက်စားမှုကြောင့် မြစ်ကူးတံတားကျိုးကျခြင်းကိုကာကွယ်ရန် တန်၇ဝဝဝ အလေးချိန်ရှိ ကုန်တင်ရထား နှစ်စီးတံတားပေါ်တွင် ရပ်တန့်ခဲ့
စီချွမ်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)
မြစ်ရေတိုက်စားကာ တံတားကျိုးပဲ့မှုမှကာကွယ်ရန်အတွက် စုစုပေါင်းတန် ၇ဝဝဝ အလေးချိန်ရှိ ကုန်တင်ရထား နှစ်စီးက မြစ်ကူးတံတားပေါ်တွင် ရပ်တန့် ကာကွယ်ခဲ့ကြောင်းသိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့က စီချွမ်ပြည်နယ် ပေကျန်းမြစ်ရေ သိသိသာသာ မြင့်တက်လာမှုကြောင့် မြစ်ကူးတံတားကျိုးကျခြင်းကို ကာကွယ်ရန်အတွက် အလေးချိန် ၃၅ဝဝ တန် အသီးသီး တင်ဆောင်ထားသော ကုန်တင်ရထား နှစ်စီးမှာ တံတားပေါ်တွင် အချိန် ၅ နာရီကြာ မောင်းနှင်ရပ်တန့်နေခဲ့သည်။ မြစ်ရေပြန်ကျသွားသည့်အချိန်တွင်မှ ရထားနှစ်စီးမှာ နီးစပ်ရာ ဘူတာသို့ပြန်လည်မောင်းနှင်ခဲ့ကြောင်းသိရသည်။(Xinhua)