Connect with us

Videos

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးတွင် ကဏ္ဍ ၄ ရပ်မှ အချက် ၁၄ ချက် သဘောတူု

နေပြည်တော် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး ပဉ္စမနေ့ဖြစ်သည့် ဇူလိုင် ၁၅ ရက်တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်း အဝေးတွင် ကဏ္ဍ ၄ ရပ်မှ အချက် ၁၄ ချက်အား သဘောတူခဲ့ကြောင်း သိရသည်။

ထိုသဘောတူညီချက် ၁၄ ချက်မှာ နိုင်ငံရေး ကဏ္ဍတွင် ၄ ချက် ၊ စီးပွားရေး ကဏ္ဍတွင် ၁ ချက် ၊ လူမှုရေး ကဏ္ဍတွင် ၇ ချက် နှင့် မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍတွင် ၂ ချက် တို့ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး တစ်ဦး ဖြစ်သူ ဦးဇော်ဌေးက ယနေ့အစည်းအဝေး အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“တစ်ချို့ဟာတွေကြတော့ ကြေကြေလည်လည် အချိန်ယူပြီးတော့ အစုအဖွဲ့အလိုက် ဆွေးနွေးချိန်တွေ ပြန်ပေးတယ်။အဆုံးအဖြတ်တွေ ယူပြီးမှပဲ သဘောတူညီချက်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

ညီလာခံတွင် ကဏ္ဍ အလိုက် မူဝါဒ အဆိုပြုချက်များအား အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် နိုင်ငံရေး ပါတီတို့မှ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း ၊ ကဏ္ဍ အလိုက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ယနေ့ကျင်းပသော UPDJC အစည်း အဝေးတွင် အတည်ပြုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသဘောတူညီချက် ၁၄ ချက်အား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် ဇူလိုင် ၁၆ ရက်တွင် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂) အနေဖြင့် သဘောတူ လက်မှတ် ရေးထိုး အတည်ပြု သွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးအား ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှ ၂၉ ရက် အထိ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် သဘောတူညီချက် ၃၇ ချက်အား လက်မှတ် ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.