Connect with us

Videos

မြန်မာနိုင်ငံရှိ ကမ္ဘာ့သက်တမ်းအရင့်ဆုံး နှင့် အရှည်ဆုံးသစ်သားတံတား (သို့) ကမ္ဘာ့အထင်ကရ ဦးပိန်တံတား

ရန်ကုန်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ဦးပိန်တံတားသည် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အနီးတွင်တည်ရှိပြီး တောင်သမန်အင်း ကိုဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။

ဦးပိန်တံတား ကို ၁၈၄၉ ခုနှစ် က စတင်တည်ဆောက်ခဲ့ပြီး ၁၈၅ဝ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ကာ တံတားအရှည်မှာ ၁.၂ ကီလိုမီတာ (ဝ.၇၅ မိုင်) ရှိကြောင်းသိရသည်။ တံတားအား တည်ဆောက်ခဲ့သည့် မြို့တော်ဝန်၏ အမည်ကိုအစွဲပြုကာ ဦးပိန်တံတားဟုအမည်ပေးထားခြင်း ဖြစ်သည်။

တံတားကို အင်းဝ တော်ဝင်နန်းတော်ဟောင်းမှ ကျွန်းသစ်များကို အသုံးပြုကာ တည်ဆောက်ထားပြီး တိုင်လုံးပေါင်း ၁ဝ၈၆ လုံးဖြင့် တည်ဆောက်ထားသည်။ သက်တမ်းရှည်ကြာလွန်းသောကြောင့် အချို့ သစ်သားများ နေရာတွင် ကွန်ကရစ်ဖြင့်အစားထိုးပြုပြင်မှုများပြုလုပ်ခဲ့ရသည်။

သက်တမ်း နှစ်ပေါင်း ၁၆၉ နှစ် ရှိ ဦးပိန်တံတားမှာ ယနေ့ထက်တိုင် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် များကို လာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်သည့်နေရာ တစ်ခုပင်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.