Videos
မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲ ရှမ်းပြည်နယ် လားရှိူးမြို့၌ ပထမဆုံး အကြိမ် ကျင်းပ
လားရှိုး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ် ၊ လားရှိူးမြို့၌ ပထမဆုံး အကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲအား နိုဝင်ဘာ ၂၁ ရက်တွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့်မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyanတို့က အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။
အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၃၂ ခုက ပြခန်းပေါင်း ၆၀ ခန့် နှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုက ပြခန်းပေါင်း ၈၀ ခန့် ပါဝင်ပြသခဲ့ကြသည်။ မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲအား မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့နှင့် တရုတ် နိုင်ငံ လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးတွဲ ကျင်းပခြင်း ဖြစ်သည်။
ကုန်စည်ပြပွဲကိုနိုဝင်ဘာ ၂၄ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး ပြပွဲ၏ ဆောင်ပုဒ်မှာ “ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်သွယ် ၊ ဆွေမျိုးပေါက်ဖော် ညီအစ်ကိုတို့ အတူတကွ လျှောက်လှမ်းကြပါစို့” ဖြစ်ကြောင်း သိရသည်။(Xinhua)