Connect with us

Videos

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ကချင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်၊နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ကချင်ပြည်နယ် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်က မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနေဝင်းတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ ပြီး ကချင်ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး အတွက် ဆေးရုံသုံးပစ္စည်းများ ကို လည်းကောင်း ၊ မြစ်ကြီးနားတက္ကသိုလ် အတွက် ကွန်ပြူတာနှင့် multi-media စက်ပစ္စည်းများကိုလည်းကောင်း ၊ ကချင်ပြည်နယ် မျက်မမြင်ကျောင်း နှင့် ကချင်ပြည်နယ် မျှော်လင့်ချက်အသစ် မိသားစုဂေဟာ တို့အား အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း ၊ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းအား ဆေးဝါးပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။         

အလားတူ သံအမတ်ကြီးချန်းဟိုင်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ လှူဒါန်းဆောက်လုပ်ထားသော မေတ္တာ ရိပ်မြုံဂေဟာနှင့် Grace Happy Land Orphanage မိဘမဲ့ဂေဟာနှစ်ခုသို့ သွားရောက်ကြည့်ရှုပြီး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.