Videos
ရေပေါ်တွင်လည်းသွားလာနိုင်သည့် ကမ္ဘာ့အကြီးဆုံး လေယာဉ် တရုတ်နိုင်ငံတွင်ထုတ်လုပ်
ကွမ်ကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ရေ ပေါ်တွင် ပါသွားလာမောင်းနှင်နိုင်သော ထုထည်ကြီးမားသည့် လေယာဉ် တစ်စင်းအား တရုတ် နိုင်ငံက အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး တောမီး ငြှိမ်းသတ်ခြင်းနှင့် ပင်လယ်ရေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ လေယာဉ် AG600 အား တရုတ်နိုင်ငံ တောင်ပိုင်း ကျူးဟိုင်မြို့တွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။အများဆုံး တန်ချိန် ၅၃.၅ တန်ဖြင့် သယ်ဆောင်ထွက်ခွာနိုင်ပြီး ကီလိုမီတာ ၄၅ဝဝ အကွာအဝေးအထိ အထိပျံသန်းနိုင်ကြောင်း နိုင်ငံပိုင် လေယာဉ် ထုတ်လုပ်သူ တရုတ် လေယာဉ်ထုတ်လုပ်မှု လုပ်ငန်း ကော်ပိုရေးရှင်း (AVIC) အရ သိရသည်။
AG600 သည် ကမ္ဘာ့ အကြီးဆုံး ရေပေါ်နှင့် လေပေါ်ပျံနိုင်သည့် လေယာဉ် အမျိုးအစား ဖြစ်ပြီး ဘိုးရင်း ၇၃၇ အရွယ်အစား ခန့်ရှိကြောင်း AVIC ဒုတိယ အထွေထွေ မန်နေဂျာ Geng Ruguang က ပြောသည်။
၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်တော့မည့်အဆိုပါ လေယာဉ်ကြီး ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်မည်ဆိုပါက လူပေါင်း ၅ဝ ဦးကို တပြိုင်နက်တည်းကယ်ဆယ်သယ်ဆောင်နိုင်မည်ဖြစ်သည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအပြင် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးလုပ်ငန်းများ စသည်တို့အတွက်လည်း အသုံးပြုနိုင်မည့် လေယာဉ်ကြီးမျိုးဖြစ်သည်။ AVIC တွင် အဆိုပါ လေယာဉ် ၁၇ စင်းတိတိ အမှာစာများကိုလည်း ရရှိထားပြီးဖြစ်သည်။ (Xinhua)