Connect with us

Videos

တရုတ်နိုင်ငံက ထုတ်လုပ်သည့် အိုလံပစ်အထိမ်းအမှတ်လက်ဆောင်အရုပ်များလူကြိုက်များ

ရီယို၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးတွင် မကြာမီကျင်းပတော့မည့် အိုလံပစ်ပွဲတွင် အမှတ်တရအဖြစ် အိုလံပစ် အထိမ်းအမှတ် အရုပ်များ၊ လက်ဆောင်ဝယ်ယူကြသူများ ပြားလျက်ရှိပြီး တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အိုလံပစ်အထိမ်းအမှတ်အရုပ်များမှာ လူကြိုက်များသည်။
ရီယိုဒီဂျနေးရိုးမြို့တောင်ပိုင်း ကိုပါကာဘာနာ တွင် နေ့စဉ် လာရောက်ဝယ်ယူသူ ၂သောင်းခန့် အတွက် အထိမ်းအမှတ်ဆိုင်ခန်းနေရာကို စတုရန်းကီလိုမီတာပေါင်း ၁၈ဝဝ အထိ အသုံးပြုဖွင့်လှစ် စီစဉ်ပေးထား ကြောင်းသိရသည်။
လက်ဆောင်ပစ္စည်းအမျိုးအစားပေါင်း ၃ဝဝဝ ခန့်တွင် ယခုနှစ်အိုလံပစ်အထိမ်းအမှတ်အရုပ်ကလေးများ ဖြစ်သည့် Vinicius and Tom တို့ကိုဝယ်ယူကြသူများပြားသည်။
အဆိုပါ အထိမ်းအမှတ်အရုပ်ကလေးများကို တရုတ်နိုင်ငံ ပေကျင်း ဟိုနာဖ် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ ရာနှုန်းပြည့် ဒီဇိုင်းဆွဲ ကာ လက်မှုပညာနှင့် ပေါင်းစပ်တံဆိပ်ခတ်နှိပ်ရောင်းချခြင်းဖြစ်သည်။
ဟာနေ့ာဗ်ကုမ္ပဏီသည် ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် အထိမ်းအမှတ်လက်ဆောင်အရုပ်များကို တစ်ဦးတည်း လုပ်ငန်းလုပ်ကိုင်ရောင်းချခွင့် ရရန် ရည်ရွယ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.