Connect with us

Videos

လမျက်နှာပြင်ပေါ်မှ တရုတ်နိုင်ငံအလံ ဓာတ်ပုံများ ထုတ်ပြန် (ရုပ်သံ)

ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်/ ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနသည် လမျက်နှာပြင်ပေါ်တွင် မြင်တွေ့ရသော Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်တွင် လွှင့်ထူထားသော တရုတ်နိုင်ငံအလံဓာတ်ပုံများကို ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံများသည် လပေါ်ဆင်းသက်ယာဉ် (lander) နှင့် လပေါ်မှနမူနာပစ္စည်းများ နှင့် ပျံတက်ယာဉ် (ascender) တို့ကို ပေါင်းစပ်ထားသောယာဉ်ပေါ်၌ တပ်ဆင်ထားသော မြင်ကွင်းကျယ်ကင်မရာမှ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

Ascender ယာဉ်သည် လမျက်နှာပြင်ပေါ်မှ နမူနာပစ္စည်းများနှင့် ပြန်လည်မထွက်ခွာမီ ဒီဇင်ဘာ ၃ ရက်နေ့ နှောင်းပိုင်းက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

Chang’e-5 အာကာသယာဉ်ကို နိုဝင်ဘာ ၂၄ ရက်ကလွှတ်တင်ခဲ့ပြီး ၎င်း၏ lander-ascender ပေါင်းစပ်ယာဉ်သည် လမျက်နှာပြင်၏ အနီးဆုံးဘက်ခြမ်း၊ မုန်တိုင်းများ၏ သမုဒ္ဒရာဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပေါ်၌ ဒီဇင်ဘာ ၁ ရက်က ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Chang’e-5 သည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေး သမိုင်းတွင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ကမ္ဘာ့ပထမဆုံး လမျက်နှာပြင်-နမူနာပစ္စည်း ယူဆောင်ခြင်းလုပ်ငန်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.