Connect with us

Videos

မသန်သော်လည်းစွမ်းဆောင်နိုင်သည့် မသန်စွမ်း delivery ပို့ဆောင်သူ ဇနီးမောင်နှံ

ဆန်းရှီး၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် delivery ပို့ဆောင်နေကြသူများထဲတွင် ထူးခြားသည့် မောင်နှံ တစ်စုံလည်းအပါအဝင်ဖြစ်သည်။ ၎င်းတို့၏ ထူးခြားချက်မှာ နှစ်လွှာပေါင်း မှ တစ်ရွက် စွယ်တော်ရွက် ကဲ့သို့ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ရိုင်းပင်းရင်းဖြင့် အသက်မွေးကြသည့် မသန်စွမ်း သူများ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မသန်သော်လည်းစွမ်းဆောင်နိုင်ကြောင်း သက်သေထူသည့် ကျောက်ဟိုင်ဖုန်းနှင့် ယန်ဖန်းယန် တို့သည် အခြား delivery သမားများကဲ့သို့မြို့အတွင်း ကုန်ပစ္စည်းများကိုအချိန်မှန်ပို့ဆောင်ပေးကာ ပုံမှန်ဝင်ငွေဖြင့်ရပ်တည် အသက်မွေးကြသည်။

ကျောက်ဟိုင်ဖုန်း သည် ငယ်စဉ်ကတည်းက လက်နှစ်ဖက်ဆုံးရှုံးထားသူဖြစ်ပြီး ဇနီးဖြစ်သူ ယန်ဖန်းယန် မှာ ပိုလီယိုအကြောသေ ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။

ပစ္စည်းများပို့ဆောင်ရာတွင် ခင်ပွန်းသည်က သုံးဘီးယာဉ်ကိုမောင်းနှင်ပေးပြီး  ဇနီးသည်က ကုမ္ပဏီနှင့်ဆက်သွယ်ခြင်း၊ လျှောက်လွှာဖြည့်ခြင်းနှင့် ကုန်ပစ္စည်းလက်ခံမည့်သူများအားဆက်သွယ်ခြင်းတို့ကို အသီးသီးတာဝန်ခွဲဝေယူ ဆောင်ရွက်ကြသည်။

၎င်းတို့မောင်နှံသည် တစ်ရက်လျှင် ပါဆယ်ပေါင်း၂၀၀ ဝန်းကျင်ပို့ဆောင်ခဲ့ကြပြီး တစ်လလျှင်ဝင်ငွေ ယွမ် ၄,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၆၁၀) ခန့် ရှာဖွေနိုင်သည်။

တစ်ဦးတည်းသော သမီးလေးအား ကျောင်းထားနိုင်ရေးအတွက် ထိုကဲ့သို့ ကြိုးပမ်းကာဝင်ငွေ ရှာဖွေခြင်း ဖြစ်ကြောင်း နှင့် ၎င်းတို့၏ delivery ပို့ဆောင်ခြင်းလုပ်ငန်းအကြောင်း ကို ကျောက်ဟိုင်ဖုန်း တို့ ဇနီးမောင်နှံအား  ဆင်ဟွာမှသွားရောက်မှတ်တမ်းတင်ရိုက်ကူးဖြစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.