Connect with us

Videos

လမျက်နှာပြင်မှ ယူဆောင်လာခဲ့သည့် နမူနာပစ္စည်းများအား ဓါတ်ခွဲခန်းသို့ပို့ဆောင်

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

လမျက်နှာပြင်မှ ယူဆောင်လာခဲ့သည့် နမူနာပစ္စည်းများအား တရုတ်နိုင်ငံပေကျင်းမြို့ Chinese Academy of Science လက်အောက်ရှိ national astronomical oberservatories သို့ ပို့ဆောင်သိမ်းဆည်းထားခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံ မှ လွှတ်တင်ခဲ့သည့် Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်မှ သယ်ဆောင်လာခဲ့သည့် နမူနာပစ္စည်းများကို သေတ္တာထဲတွင် သေချာစွာသိမ်းဆည်းကာ လကမ္ဘာလေ့လာရေးသုတေသန ဓါတ်ခွဲခန်းအတွင်း၌ ထားရှိမည်ဖြစ်သည်။
Chang’e-5 လကမ္ဘာလေ့လာရေးယာဉ် သည် လကမ္ဘာပေါ်မှ နမူနာပစ္စည်း ၁,၇၃၁ ဂရမ်အား သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။တရုတ်သုတေသီများသည် လကမ္ဘာပေါ်မှ ပထမဆုံးရရှိထားသည့် ထို နမူနာပစ္စည်းများကို သိမ်းဆည်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုတေသနပြုလုပ်ခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.