Videos
လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည်
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အဆိုပါ အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြေညာစာ အရ သိရသည်။
အဆိုပါ အဖွဲ့ကို အဖွဲ့ဝင် ၈ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ၊ အဖွဲ့ဝင်များ အဖြစ် တောင်ကြီး မဲဆန္ဒနယ်မှ ဒေါက်တာသန်းငွေ၊ မိုင်းပျဉ်း မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ် ဝင့်ဝါထွန်း၊ ပြည်ထောင်စု လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ အမျိုးသား လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်မင်း၊ ပြည်သူ့လွှတ်တော်ရုံးမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းအောင်နှင့် အတွင်းရေးမှူး အဖြစ် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်(ခ) ဦးဇေယျာသော်တို့ ပါဝင်သည်။ (Xinhua)