Connect with us

Videos

တရုတ်-မြန်မာပန်းချီပညာရှင်များ ပူးပေါင်းကွင်းဆင်းခြင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊မတ်၁၇ရက်(ဆင်ဟွာ)

တရုတ်-မြန်မာပန်းချီပညာရှင်များ ပူးပေါင်းကွင်းဆင်းခြင်းဖွင့်ပွဲအခမ်းအနား ယနေ့ ဆူးလေရှန်ဂရီလာ ဟိုတယ် တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် က “ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကနေ နှစ်နိုင်ငံ ပန်းချီပညာရှင်များ ရဲ့ ခရီးစဉ်အတွက် ထောက်ပံ့ကူညီမှုတွေရခဲ့လို့ ကျေးဇူူူူးတင်ကြောင်းစသဖြင့် ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံတွင် နက်ရှိုင်းသည့် ခင်မင်မှု၊ လှပသည့် ရှုခင်း၊ များပြားသည့် တိုင်းရင်းသားဓလေ့ထုံးစံ များရှိကြောင်း၊ တရုတ်နိုင်ငံဘက်သို့ သွားရောက်ပန်းချီရေးဆွဲကြမည့် ခရီးစဉ်အားလည်း စီစဉ်နေကြောင်း၊ ပန်းချီပညာ ရှင်များ၏ ကောင်းမွန်သည့် လက်ရာများ နှင့် နှစ်နိုင်ငံယဉ်ကျေးမှုများအား ပန်းချီကားများမှ တဆင့် နှစ်နိုင်ငံပြည်သူများထံ ပေးပို့နိုင်မည်ဖြစ်ကြောင်း မစ္စတာဟုန်လျန်ကဆိုသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က “ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အဆင့်မြှင့်တင်နိုင်ဖို့အတွက် ဆိုတဲ့ ရည်ရွယ်ချက်ရော တရုတ်အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့ ရည်ရွယ် ချက်ရော အဲ့ဒီ့လို ရည်ရွယ်ချက်ကောင်းတွေကိုသယ်ဆောင်လာတဲ့ ခရီးစဉ်ဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဝမ်းသာစကားပြောကြားပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းအနုပညာအကယ်ဒမီ ဥက္ကဋ္ဌမစ္စတာဝမ်မင်းမင်း ဦးဆောင်သည့် ပန်းချီပညာရှင် ၈ ဦးသည် မြန်မာနိုင်ငံသို့ မတ်လ ၁၆ ရက်နေ့တွင် စတင်ရောက်ရှိခဲ့သည်။ ပုဂံ၊ အင်းလေး၊ တောင်ကြီး၊ မန္တလေးဒေသများသို့ ကွင်းဆင်းပြီး ယဉ်ကျေးမှု အနုပညာလက်ရာများအား ကွင်းဆင်းလေ့လာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာပန်းချီဆရာ ၇ ဦး သည် မေလ တွင် တရုတ်နိုင်ငံသို့ ပူးပေါင်းကွင်းဆင်းခြင်းအား ဆောင်ရွက်မည်ဟု သိရသည်။ ကြွရောက်လာကြသည့် ဧည့်သည်များသည် ပြပွဲတွင် ပြသထားသည့် ပန်းချီလက်ရာများအား ကြည့်ရှုကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.