Videos
ဝင်ရိုးစွန်းဝက်ဝံတစ်ကောင် ကို ဈေးဝယ်စင်တာတွင်ထိန်းသိမ်းပြသ
ကွမ်ကျိုး၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
ဝင်ရိုးစွန်းဝက်ဝံတစ်ကောင်ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့ ဈေးဝယ်စင်တာ တစ်ခုရှိ ရေအောက်ကမ္ဘာအအေးခန်း တွင် ထိန်းသိမ်းပြသထားသည်။ ကွမ်ကျိုးမြို့လယ်ရှိ ဈေးဝယ်စင်တာထဲရှိ မှန်များကာရံထားသည့် အအေးခန်းထဲတွင် အဆိုပါ ဝက်ဝံကို လူအများကြည့်ရှုနိုင်အောင်ပြသထားသည်။
အာတိတ်စက်ဝိုင်းတွင်နေထိုင်သည့် ဝက်ဝံကို ပူပြင်းသည့် တရုတ်နိုင်ငံတောင်ပိုင်း ဒေသတွင် ထိန်းသိမ်းထားခြင်းကြောင့် တိရစ္ဆာန်အရေးလှုပ်ရှားတက်ကြွသူများက အန္တရာယ် ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်။
ဝက်ဝံမှာ သဘာဝနှင့် လိုက်လျောညီထွေနေထိုင်နိုင်အောင်ကြိုးစားလျက်ရှိပြီး ယခုအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်ဆဲဖြစ်ကြောင်းသိရသည်။ ဈေးဝယ်စင်တာရှိ ရေအောက်ကမ္ဘာအအေးခန်းကိုလည်း ဝက်ဝံနေထိုင်နိုင်သည့် အဆင်အပြေဆုံးဖြစ်အောင် အသေးစိတ်ကအစ ကြိုးစားလျက်ရှိသော်လည်း ကျွမ်းကျင်သူများက ဝက်ဝံအား အာတိတ်စက်ဝိုင်းသို့ ပြန်လည်လွှတ်ပေးခြင်းကသာအကောင်းဆုံးဟု ဆိုသည်။ (Xinhua)