Videos
၂ဝ၂၂ ဆောင်းရာသီအိုလံပစ်အမြန်ရထားလမ်း၏အဓိကဥမင်လိုဏ်ခေါင်းဖောက်လုပ်ပြီးစီး
ဟေပေ၊မေ ၃၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ၂ဝ၂၂ခုနှစ် ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂ဝ၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အသုံးပြုရန် မြန်နှုန်းမြင့် ရထားလမ်းဖောက်လုပ်လျက်ရှိရာ ဟေပေပြည်နယ်ရှိ အပိုင်း၏ အဓိကဥမင်လိုဏ်ခေါင်းမှာ ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ ၁၄၆၂ မီတာရှည်လျားသည့် ၎င်း Sunjiazhuang ဥမင်လိုဏ်ခေါင်းမှာ ၂ဝ၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ပေကျင်းမြို့နှင့် ကျန်းကျားကိုးမြို့တို့ကို ချိတ်ဆက်သွယ်တန်းမည့် မြန်နှုန်းမြင့်ရထားလမ်း၏အစိတ်အပိုင်းလည်းဖြစ်သည်။ ထိုအမြန်ရထားလမ်းကို ၂ဝ၁၉ ခုနှစ် သြဂုတ်လတွင် စတင် စမ်းသပ်ပြေးဆွဲမည်ဟုသိရသည်။(Xinhua)