Connect with us

Videos

ဘန်ကောက်တွင် အရှေ့တောင်အာရှ၏အကြီးဆုံး မီးရထားဘူတာကြီးကိုတည်ဆောက်နေ

ဘန်ကောက်၊ ဇွန် ၁ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံဘန်ကောက်တွင် အရှေ့တောင်အာရှ၏အကြီးဆုံး မီးရထားဘူတာကြီးကို လာမည့် ၂ဝ၂ဝ ခုနှစ် တွင်ဖွင့်လှစ်မည်ဖြစ်သည်။ ထို Bang Sue Grand Station မှာ အရှေ့တောင်အာရှတိုက်တစ်ခုလုံးတွင် ခေတ်အမီဆုံးနှင့် ခရီးသည်အများဆုံးသွားလာနိုင်မည့် အကြီးဆုံးဘူတာကြီးတစ်ခုလည်း ဖြစ်လာတော့မည်ဟု သိရသည်။ ထိုဘူတာကြီးတွင်တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်ဆဲဖြစ်ပြီး ၂ဝ၂ဝ ခုနှစ် ဇူလိုင်လခန့် တွင် ဖွင့်လှစ်နိုင်ရန် လျာထားသည်။ ဘန်ကောက်တွင် ၁၉၁၆ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိ အသုံးပြုနေသော ဘန်ကောက်ရထားဘူတာနေရာတွင် Bang Sue ဘူတာကြီးကို အစားထိုးအသုံးပြုသွားမည်ဟုလည်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.