Connect with us

Videos

၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အဆုံးအဖြတ်ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အဆုံးအဖြတ် တစ်ခုဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျရောက်သည့် သူမ အသက် ၇၀ ပြည့်မွေးနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြီးနောက် မြန်မာနိုင်ငံသည် မည်သည့် အခြေအနေတွင် ရှိမလဲဆိုတာ တစ်နှစ် နှစ်နှစ်အတွက်မဟုတ်ဘဲ နောင်နှစ်ပေါင်းများစွာအတွက် အဆုံးအဖြတ်ပေးမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မှန်မှန်ကန်ကန် ရလဒ်ထွက်ရန် နိုင်ငံအတွက် အင်မတန် အရေးကြီးကြောင်း ၎င်းကဆိုသည်။

ပြည်သူများကို မလှည့်ဖျားသော နိုင်ငံရေးမျိုးနှင့် မိမိ အဖွဲ့အစည်း၊ အလုပ်အကိုင်များ လုပ်ကိုင်ရာတွင် တခြားလူ ထိခိုက်နစ်နာစေမည့် မကောင်းသောနည်း၊ မမှန်ကန်သော နည်းလမ်းများ လုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် သန့်ရှင်းသော နိုင်ငံရေးဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ညီညီညွတ်ညွတ်နှင့် သန့်ရှင်းသော နိုင်ငံရေး လမ်းစဉ်ကို သွားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

“တိုင်းပြည်တစ်ပြည်ဟာ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ၆၈ နှစ်ရပ်တည်ပြီးပြီဆိုရင် ဒီတိုင်းပြည်ရဲ့ လုပ်ဆောင်မှုတွေကို သုံးသပ်နိုင်တဲ့အခြေအနေ ရောက်လာပါပြီ။ ဒီတိုင်းပြည်ဟာ တိုးတက်ခဲ့လား၊ ဘယ်လောက်ထိ တိုးတက်ခဲ့လဲ၊ နိုင်ငံသူ နိုင်ငံသားတွေဟာ လွတ်လပ်တဲ့ နိုင်ငံမှာ နေခြင်းအားဖြင့် ဘယ်လောက်ထိ ဘဝတွေ ကောင်းလာသလဲ ဆိုတာကို စမ်းသပ် ဆုံးဖြတ်နိုင်တဲ့အ ခြေအနေ ရောက်လာပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၀ ပြည့်နှစ် မွေးနေ့ကို ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် အဖွဲ့ချုပ်အဖွဲ့ဝင်များ ကျင်းပပေးလျှက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.