Connect with us

Videos

မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (၂၀၄၀) ကို ယနေ့ တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (၂၀၄၀) ကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု ခဲ့ပါတယ်။
မဟာရန်ကုန် မြို့ပြဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀) မှာ ဦးစားပေးအလိုက်မြို့သစ်စီမံကိန်း ၇ ခုပါဝင်ပြီး ပထမဦးစားပေး အဆင့် အနေဖြင့် ရန်ကုန် အရှေ့ပိုင်းမြို့သစ်၊ ဒုတိယ ဦးစားပေးအဆင့် အနောက်တောင်ပိုင်း မြို့သစ်၊ တတိယ ဦးစားပေး အဆင့် သန်လျင်မြို့သစ်၊ စတုတ္ထဦးစားပေး အဆင့် ဒလမြို့သစ်၊ ပဉ္စမအဆင့် ထန်းတပင်မြို့သစ်၊ ဆဌမအဆင့် မှော်ဘီမြို့သစ်၊ သတ္တမအဆင့် လှည်းကူးမြို့သစ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဟု မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်တွင် တင်ပြခဲ့ပါတယ်။
၎င်းမြို့သစ် စီမံကိန်းတွေမှာ ပါဝင်မယ့် မြို့သစ်များတွင် လူဦးရေ ၁၀ သန်းကျော် နေထိုင်နိုင်မည့် မြေ ဧက ၁၁၈,၇၃၂ ဧက ပါရှိပြီး ငွေကျပ် ၈,၁၇၇.၅၁ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
ရေပေးဝေမှု စနစ်အားဖြင့် ရေဂါလံ ၂၀၈ သန်း ထုတ်ယူနိုင်မှာ ဖြစ်ပြီး၊ ဒလ ၊ ဆိပ်ကြီးခနောင်တို၊ ကြည့်မြင်တိုင် တဖက်ကမ်းမြို့နယ်တွေနဲ့ သီလဝါ ဆိပ်ကမ်းကို ရေပေးဝေနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (၂၀၄၀) ကို ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်ကို အစိုးရအဖွဲ့ ကိုယ်စား ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တင်သွင်းခဲ့ပြီး ယနေ့ အတည်ပြုရာတွင် လျှို့ဝှက်စွာ မဲခွဲဆုံးဖြတ်သည့် စနစ်ဖြင့် ဆုံးဖြတ်ခဲ့ပြီး မဲပေးသည့် ကိုယ်စားလှယ် စုစုပေါင်း ၁၁၆ ဦးတွင် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ထောက်ခံမဲ ၁၁၃ မဲ ၊ ကန့်ကွက်မဲ ၂ မဲ နှင့် ပယ်မဲ ၁ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.