Videos
(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဒုတိယနေ့ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ကျင်းပ
နေပြည်တော် ၊ မေ ၂၅ ရက်(ဆင်ဟွာ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဒုတိယနေ့မေ ၂၅ ရက်တွင် ကဏ္ဍ ၅ ရပ်ဖြစ်သည့် နိုင်ငံရေး ကဏ္ဍ ၊ စီးပွားရေး ကဏ္ဍ ၊ လူမှုရေး ကဏ္ဍ ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးပွဲများအား အသီးသီး ကျင်းပခဲ့သည်။ ထိုကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် အစိုးရ အစု အဖွဲ့နှင့် လွှတ်တော် အစုအဖွဲ့ ၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေး ပါတီ အစုအဖွဲ့အလိုက် ဟူ၍ သက်ဆိုင်ရာအစုအဖွဲ့အလိုက် ဆွေးနွေးမှုများ ပြုလုပ်ကြပြီး မီဒီယာ စင်တာတွင်လည်း ဆွေးနွေးပွဲများ အလိုက် တိုက်ရိုက် ပြသထားသည်။ ညီလာခံ၏ သဘောတူညီချက် ရရှိပြီးနောက် သဘောတူညီချက်များကို နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင်ပါ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုခြင်း နှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်များ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)