Connect with us

Videos

မြန်မာ-တရုတ် ပိုက်လိုင်းကုမ္ပဏီ၏လူမှု ပတ်ဝန်းကျင် တာဝန်ယူမှုအစီရင်ခံစာ ထုတ်ပြန်ကြေညာ

ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်အမျိုးသားရေနံ ကော်ပရေးရှင်း (CNPC) လက်အောက်ရှိ ကုမ္ပဏီ တစ်ခုဖြစ်သော မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ ပိုက်လိုင်းကုမ္ပဏီ မှ မြန်မာ နိုင်ငံ အတွင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ လူမှု ပတ်ဝန်းကျင် တာဝန်ယူမှုအစီရင်ခံစာ (Social responsibility report) ကို ထုတ်ပြန်ကြေညာ သည့် သတင်းစာရှင်းလင်းပွဲ ကို မေလ ၂၅ ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယခု ထုတ်ပြန်ကြေညာခဲ့သည့် အစီရင်ခံစာ သည် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC ၏ ပဉ္စမမြောက် နိုင်ငံရပ်ခြား CSR အစီရင်ခံစာ ဖြစ်ပြီး အစီရင်ခံစာ အရ ကုမ္ပဏီသည် ပိုက်လိုင်းဖြတ်သန်းရာ ဒေသဖွံ့ဖြိုးရေး နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည် အကျိုးသက်ရောက်မှုရှိစေရန် အလေးထား ဆောင်ရွက်ခဲ့ကြောင်း ၊ ပိုက်လိုင်း စီမံကိန်း စတင်ချိန်မှစ၍ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ CNPC မှ မြန်မာ နိုင်ငံ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၅၂၅,၀၀၀ ကို လှူဒါန်းခဲ့ကြောင်း ၊ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများ နှင့် အတူ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသ များ၌ လူမှုစီးပွားလုပ်ငန်းပေါင်း ၁၂၀ ခု အတွက် အမေရိကန်ဒေါ်လာ ၁၈.၃ သန်း သုံးစွဲခဲ့ကြောင်း ၊ ပညာရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ ကျန်းမာရေး ၊ လျှပ်စစ် ၊ ရေတွင်းရေကန် ၊ အများပြည်သူသုံး အဆောက်အဦများ နှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးများ စုစုပေါင်း ၅၀ ကျော်အတွက် လှူဒါန်းပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံရှိ လူငယ်ပေါင်း ၂ သောင်းကျော်ခန့်၏ ပညာသင်ကြားမှု ပတ်ဝန်းကျင် ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးခဲ့ပြီး လူပေါင်း ၈ သိန်းခန့်ကို ပိုမို ကောင်းမွန်သည့် ဆေးဝါး ကုသမှု ကို ရရှိစေခဲ့ကာ ကျေးရွာများ ကိုလည်း လျှပ်စစ်မီး ၂၄ နာရီ နှင့် သန့်ရှင်းသည့် သောက်သုံးရေ ကို ရရှိစေခဲ့ကြောင်း သိရှိရသည်။ ထုတ်ပြန်ကြေညာခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ရန်ဆုံကျိန်း(Yang Shouzheng) ၊ CNPC အရှေ့တောင်အာရှပိုက်လိုင်း ကုမ္ပဏီ(SEAP) အထွေထွေ မန်နေဂျာ ကျန်းချန်းလျန် (Jiang Changliang) ၊ CNPC ဒါရိုက်တာ ဘုတ်အဖွဲ့ အတွင်းရေးမှူး နှင့် ရုံးခန်း ညွှန်ကြာရေးမှူး ဝမ်ကျိကန်း (Wang Zhigang) ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.