Connect with us

Videos

ကထိန် ပွဲခင်းပါတဲ့ လတန်ဆောင်တိုင်

ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

မြန်မာ(၁၂)လရာသီတွင် တန်ဆောင်မုန်းလ သည် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး ထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများအား ကျင်းပ ဆင်နွဲကြသည်။

ကထိန်ရာသီ

တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်ပြီး ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်သည့် ကထိန်ပွဲ ပြုလုပ်ခြင်းကို ကထိန်ခင်းသည် ဟုဆိုကြပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ သတ်မှတ်သော ကာလဒါန ဖြစ်ပြီး ကထိန်သင်္ကန်း အလှုဒါနများ ပြုလုပ်ကြသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန်”ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွဋ်အမြတ် ထားလေ့ ရှိကြပြီး “ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာ စကား“ကထိန” မှ ဆင်းသက်လာပြီး “မြဲမြံခိုင်ခန့်ခြင်း” ဟူသော အနက်ရှိသည်။

မသိုးသင်္ကန်း

ကထိန်ခင်းခြင်းနှင့် အတူ မသိုးသင်္ကန်း ရက်လုပ်၍ လှူသော အလှူပွဲကို တန်ဆောင်မုန်း လတွင် ပြုလုပ်ကြပြီး အထင်ကရ စေတီတော်ကြီးများတွင် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ့မကူးမီ ပူဇေါ်လှူဒါန်းလေ့ရှိကြသည်။

တန်ဆောင်မုန်းလပြည့်နေ့ မှ နောက်တစ်ရက်မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော သင်္ကန်းကို “မသိုးသင်္ကန်း” -ဟုခေါ်ဆိုခြင်း ဖြစ်သည်။

တန်ဆောင်မုန်း-တန်ဆောင်တိုင်

တန်ဆောင်မုန်းလ၏ အဓိပ္ပါယ်မှာ“မီးရှူး၊ မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (ဝါ) အမိုက်အမှောင်ကို မီးအလင်းရောင်ဖြင့် ပျောက်လွင့်စေသောလ” -ဟု ၊ဆိုကြပြီး “တန်ဆောင်တိုင်”-ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင်(ဝါ) မီးရှူးတိုင် ၊ အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်း ပွဲတော်များ ကျင်းပ ဆင်နွဲကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.