Connect with us

Videos

ကမေ ္ဘာဒီးယား ဝါးရထား

စက်တင်ဘာ ၃၀၊ ဆင်ဟွာ
ကမေ ္ဘာဒီးယားနိုင်ငံတွင် ဝါးဖြင့်ပြုလုပ်သော ခေတ်ဟောင်း ရထားတစ်မျိုးကို ပြန်လည်ဆန်းသစ် ဖန်တီးအသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒေသခံပြည်သူများက နိုရီလို့ခေါ်တဲ့ အဲဒီဝါးရထား ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်အနောက်မြောက်ဘက်ရှိ ဘက်တမ်ဘန် ဒေသတွင် အသုံးပြုနေကြ တာဖြစ်ပါသည်။
၁၉၈၀ ခုနှစ် ဝန်းကျင်တုန်းက ရထားဝန်ထမ်းများ ဟာ ရထားတွဲများ ရထားလမ်းများ အား စစ်ဆေးရန် အဆိုပါ ဝါးရထားများအား စတင်တီထွင် သုံးစွဲခဲ့ကြပြီး နောက်ပိုင်းတွင် ဒေသခံပြည်သူများမှ တနေရာနှင့် တနေရာကို စိုက်ပျိုးသီးနှံများ သယ်ယူရန်အတွက်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ နိုရီများဟာ ယခု မြင်တွေ့ ရသလိုပဲ အသုံးပြုရန်လွယ်ကူပြီး တပ်ဆင်ရတာလည်းလွယ်ကူပါတယ်။ ကမေ ္ဘာဒီယားနိုင်ငံ အနေနဲ့ ရထားလမ်းစနစ်များ ကောင်းမွန်စွာ မရှိသေးတဲ့အတွက် နိုရီ တစ်စင်းနှင့် တစ်စင်း မျက်နှာချင်းဆိုင်မိရင်တော့ တစ်စီးစီးအတွက် နေရာ ဖယ်ပေးရတာမျိုးရှိပါတယ်။

အလွယ်တကူအသုံးပြုနိုင်တဲ့ အတွက် ဒေသအစိုးရမှလည်း ကမ ္ဘာလှည့်ခရီးသည်များအတွက် အထူး အတွေ့အကြုံရစေဖို့ အသုံးပြုရန်စီစဉ်ထားပါတယ်။ ယခုဆိုရင် နိုရီအစီး ၃ဝ ဟာ ကမ ္ဘာလှည့်ခရီးသည် များအတွက်ပြေးဆွဲနေပြီဖြစ်ပါတယ်။ ကမေ ္ဘာဒီးယားနိုင်ငံ တစ်ခုထဲမှာပဲ တွေ့နိုင်တဲ့ အဲဒီ ဝါးရထားကို ကမ ္ဘာလှည့်ခရီးသည်များ စီးနင်းပြီး ရထားလမ်းတစ်လျှောက်ရှိ ရွာတွေ၊ ကျေးလက်ဓလေ့တွေ၊ စပါးခင်းတွေနဲ့ သစ်တောအုပ်တွေကို လေ့လာနိုင်ပါတယ်။

၇ ကီလိုမီတာ ကို ကျသင့်ငွေ ဒေါ်လာ ၅ ဒေါ်လာ သတ်မှတ် ပေးထားပြီး နိုရီ စင်းလုံးငှားချင်ရင်တော့ ၁ဝ ဒေါ်လာ ကျသင့်တယ်လို့သိရပါတယ်။ ကမေ ္ဘာဒီးယားနိုင်ငံအနေနဲ့ ကမ ္ဘာလှည့်ခရီးသည်များအား စွဲဆောင်ရန် အဆိုပါ ဝါးရထားကို အသုံးပြုခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.