Connect with us

Videos

တရုတ်နို်င်ငံ၏ နိုင်ငံခြားရေးရာမူဝါဒ များကို ထင်ဟပ်ပြသနိုင်ခဲ့ သော သမ္မတရှီ ၏ အမေရိကန်ခရီးစဉ် ပြီးဆုံး

နယူးယောက် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သို့ တရားဝင် ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ် နှင့် ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် (၇၀) ပြည့် ညီလာခံ တို့ကို တက်ရောက်ပြီးနောက် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နယူးယောက်မှ ပေကျင်းသို့ပြန်လည်ထွက်ခွါခဲ့သည်။

သမ္မတရှီသည် အမေရိကန်သမ္မတ အိုဘားမားနှင့် နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်-အမေရိကန် နိုင်ငံတို့၏ ပုံစံသစ် နိုင်ငံကြီး ဆက်ဆံရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်မည့် အချက် (၆) ချက်ပါ သဘောတူညီချက်ကို လည်း ဆွေးနွေး အတည်ပြုခဲ့ကြသည်။ ထို့အပြင် တရုတ်နှင့် အမေရိကန်နိုင်ငံ သမ္မတ ၂ ဦး ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကြေညာချက်တစ်ခုကိုလည်းထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင် သမ္မတရှီသည် နယူးယောက်သို့ရောက်ရှိပြီး ကုလသမဂ္ဂ ရုံးချုပ်တွင်ကျင်းပသော ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့်အခမ်းအနား၊ အထွေထွေညီလာခံအပါအဝင် အခြားဆက်စပ်အစည်းအဝေးများသို့ တက်ရောက် အမှာစကားများပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးရာမူဝါဒများ၊ အခြားနိုင်ငံများနှင့် ဆက်ဆံရေးပုံစံသစ်များ၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကုလသမဂ္ဂ အား ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း ၍ပြောကြားခဲ့သည်။ စက်တင်ဘာလ ၂၈ ရက်နေ့ တွင်ကျင်းပသော ကုလသမဂ္ဂ ညီလာခံအစည်းအဝေးတွင် သမ္မတရှီက နှစ်ဦးနှစ်ဖက်အကျိုးရှိသောပုံစံများဖြင့် နိုင်ငံများအချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့်မူများအား ဆက်လက်ထိန်းသိမ်းသွားရန်လိုကြောင်း ယခုလိုပြောကြားခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.