Videos
ကမ္ဘာ့နောက်ဆုံး မျိုးဆက်ဝင် ကြံ့ ဖြူ ကြီး သေဆုံး
ကင်ညာ၊ မတ် ၂၁ ရက်(ဆင်ဟွာ)
ကင်ညာနိုင်ငံရှိ ကမ္ဘာ့နောက်ဆုံးမျိုးဆက်ဝင် ကြံဖြူ အထီးကြီးတစ်ကောင်သည် ဆူဒန် နိုင်ငံ၌ ပြင်းထန်စွာနာမကျန်းဖြစ်ပြီးနောက် မတ်လ ၁၉ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သည့် ဆူဒန်မှာ အလွန်ရှားပါးသည့် ကြံ့ဖြူမျိုးစိတ်ဖြစ်ပြီး ကမ္ဘာပေါ်တွင်နောက်ဆုံးကျန်သည့် တစ်ကောင်တည်းသောကြံ့ထီးကြီးလည်းဖြစ်သည်။ ဆူဒန်မှာ ယခင်က ချက်ဇ်သမ္မတနိုင်ငံရှိ တိရစ္ဆာန်ရုံ တွင်နေထိုင်ရာမှ မျိုးစိတ်တူ ကြံ့အမ နှစ်ကောင်နှင့်နေထိုင်ရန် ကင်ညာနိုင်ငံသဘာဝဘေးမဲ့တော အတွင်းပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်သည်။ ကြံ့အမများနှင့် မျိုးပွားရန်ကြိုးစားခဲ့သော်လည်းအောင်မြင်ခြင်း မရှိသောကြောင့် ဆူဒန်ကွယ်လွန်ပြီးချိန်တွင် ကြံ့ဖြူမျိုးစိတ်မျိုးသုန်းပျောက်ကွယ်ခြင်းမရှိစေရန် ကျန်ရစ်ခဲ့သော အမနှစ်ကောင် အား ၎င်း ၏ သုတ်သွေးဖြင့်မျိုးပွားခြင်းကို သိပ္ပံပညာရှင်များက ဆက်လက်ဆောင်ရွက် လျက်ရှိသည်။(Xinhua)