Connect with us

Videos

ကမ္ဘာ့အကြီးဆုံးခရီးသည်တင် ရေငုပ်သင်္ဘောတစ်စီးအား စမ်းသပ်မောင်းနှင်

ဟိုင်နန်၊ ဒီဇင်ဘာ (၁၆) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် ဒီဇင်ဘာလ(၁၄) ရက်နေ့ က ကမ္ဘာ့အကြီးဆုံးခရီးသည်တင်ရေငုပ်သင်္ဘော တစ်စီးအား စတင်စမ်းသပ်မောင်းနှင်ခဲ့သည်။ ရေအနက် မီတာ ၄ဝ အထိ သွားနိုင်ပြီး ခရီးသည် ၉ ဦးအား တင်ဆောင်နိုင်သော အဆိုပါ ရေငုပ်သင်္ဘော တွင် ရှားပါးလှသည့် အခွင့်အရေးဖြစ်သော သမုဒ္ဒရာ ရေနက်ပိုင်းရှုခင်းများအားကြည့်ရှုနိုင်ရန်အတွက် မှန်အကြည်များအားတပ်ဆင်ပေးထားသည်။

ရေငုပ်သင်္ဘောမှာ ၇.၉ မီတာ အရှည်ရှိပြီး ၃.၆ မီတာ ကျယ်ပြန့်ကာ ၄.၄ မီတာ အမြင့်ရှိသည်။ တရုတ်သိပ္ပံနှင့် သုတေသနဋ္ဌာနမှ အဆိုပါရေငုပ်သင်္ဘောအားထုတ်လုပ်ခြင်းဖြစ်သည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.