Videos
ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသားနှင့် ကမ္ဘာ့ အရပ်အပုဆုံးအမျိုးသမီးတွေ့ဆုံပွဲ
ကိုင်ရို၊ ဇန်နဝါရီလ ၂၉ ရက်(ဆင်ဟွာ)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဇန်နဝါရီလ ၂၈ ရက်နေ့က ဂင်းနစ်ကမ္ဘာ့စံချိန်တင် ကမ္ဘာ့အရပ်အရှည်ဆုံးနှင့် ကမ္ဘာ့အရပ်အပုဆုံးလူသားနှစ်ဦးတို့တွေ့ဆုံပွဲကျင်းပခဲ့သည်။ ဂင်းနစ်မှတ်တမ်းများအရ အသက် ၃၅ နှစ်အရွယ် တူရကီနိုင်ငံသား ကိုစမ်ဆိုသူမှာ အရပ်အမြင့် ၂၅၁ စင်တီမီတာရှိပြီးကမ္ဘာ့အရပ်အရှည်ဆုံးလူသားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ အသက် ၂၄ နှစ်အရွက် အိန္ဒိယနိုင်ငံသူ အာမေ့ဂျ် မှာ ၆၂.၈ အရပ် စင်တီမီတာ ဖြင့် ကမ္ဘာ့အရပ်အပုဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ အီဂျစ်နိုင်ငံ ခရီးသွားလာရေးဝန်ကြီးဋ္ဌာနက နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားများ တိုးမြင့်ရောက်ရှိလာစေရန် ထိုပွဲကို ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ အီဂျစ်နိုင်ငံသည် ပိရမစ်ကြီးများဖြင့် လူသိများထင်ရှားသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။(Xinhua)