Connect with us

Videos

ရထား ၆၆ စင်းအား တစ်ပြိုင်နက်ပြင်ဆင်ထိန်းသိမ်းနိုင်မည့်စခန်းကြီးဆောက်လုပ်

ချုံကျင်း၊ ဇန်နဝါရီလ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံကျင်းတွင် ရထား ၆၆ စင်းအား တစ်ပြိုင်နက်ပြင်ဆင်ထိန်းသိမ်းနိုင်မည့်စခန်း ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ ၎င်း ကို တည်ဆောက်ပြီးစီးပါက နိုင်ငံအတွင်း အကြီးဆုံးရထားတွဲများ ပြင်ဆင်ထိန်းသိမ်းသည့်စခန်းတစ်ခု ဖြစ်လာမည်ဟုသိရသည်။ ပင်မအဆောက်အဦးမှာ အကျယ်အဝန်းအားဖြင့် ၄၉ဝဝဝ စတုရန်းမီတာရှိ ပြီး ၎င်းသည် ဘောလုံးကွင်း ၇ ကွင်းစာ အကျယ်အဝန်းရှိ ကာ စခန်းတစ်ခုလုံး၏ စုစုပေါင်းအကျယ်အဝန်းမှာ ၇၃၃ဝဝဝ စတုရန်းမီတာရှိသည်။ တစ်ချိန်တည်းတွင် ရထား ၆၆ စင်းအားပြင်ဆင် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ဆောက်လုပ်ထားပြီး ၂ဝ၁၉ တွင် ဖွင့်လှစ်အသုံးပြုနိုင်တော့မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.