Connect with us

Videos

ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးတံတားကြီး၏ အဓိက အစိတ်အပိုင်းများတပ်ဆင်ပြီးစီး

ကွမ်ကျိုး၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ကမ္ဘာ့အရှည်ဆုံးပင်လယ်ဖြတ်ကူး တံတားကြီးတွင် အဓိကအစိတ်အပိုင်း တန်ချိန် ၆ထောင်ကျော်အား အင်ဂျင်နီယာများက တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ တံတားမှာ ဟောင်ကောင်၊ ကျူးဟိုင် နှင့် မကာအို တို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလက စတင် တည်ဆောက်ခဲ့သည့် အဆိုပါ တံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုနှစ်ကုန်တွင်အဆုံးသတ်နိုင်မည့်ဖြစ်သည်ဟုသိရသည်။ အင်္ဂလိပ်အက္ခရာ Y ပုံသဏ္ဍာန်တည်ဆောက်ထားသည့်အဆိုပါ တံတားသည် ဟောင်ကောင်ရှိ Lantau ကျွန်းမှ စတင်ပြီး ကျူးဟိုင်နှင့် မကာအို တို့သို့ တစ်ဘက်စီ ဖြန့်ကျက်တည်ဆောက်ထားခြင်းဖြစ်သည်။ တံတားတည်ဆောက်ဖွင့်လှစ်ပြီးပါက ဟောင်ကောင်မှ ကျူးဟိုင် နှင့် မကာအိုတို့သို့ မိနစ် ၃ဝ အတွင်းရောက်ရှိနိုင်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.