Videos
ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါအား ကျန်းမာရေးအခြေအနေအရ လှောင်အိမ်ထဲမှာပင် ညင်သာစွာ ဇီဝိန်ခြွေပေးခဲ့ရ
ဟောင်ကောင်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါ Jia Jia သည် လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်အတွင်း ၎င်း၏ ကျန်းမာရေး အခြေအနေ လွန်စွာ ဆိုးဝါးလာသည့်အတွက် အောက်တိုဘာလ ၁၆ ရက်က ဟောင်ကောင် Ocean ပန်းခြံ ရှိ ၎င်း၏ လှောင်အိမ်အတွင်းမှာပင် ဆေးထိုးကာ ညင်သာစွာ ဇီဝိန်ခြွေပေးခဲ့ရကြောင်း သိရသည်။
Jia Jia သည် ဟောင်ကောင်တွင် ၁၇ နှစ် နေထိုင်ခဲ့ပြီး ဟောင်ကောင် ပြည်သူများနှင့် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများအတွက် အံဖွယ် ဖျော်ဖြေပေးခဲ့ကြောင်း၊ Ocean ပန်းခြံ ဥက္ကဋ္ဌ လီယိုကွန်း လင်-ချန်းက ပြောသည်။
Jia Jia အား ၁၉၇၈ ခုနှစ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၌ မွေးဖွားခဲ့ပြီး ပန်ဒါအထီး အန်းအန်နှင့်အတူ ၁၉၉၉ ခုနှစ်တွင် တရုတ်နိုင်ငံက ဟောင်ကောင်သို့ လက်ဆောင်ပေးအပ်ခဲ့သည်။(Xinhua)