Videos
ကျောရိုးကြွက်သား ချည့်နဲ့ဝေဒနာရှင် ဆရာတစ်ဦး ကျောင်းသား၁၅ဝ ကို ၁ဝ နှစ်ကြာအခမဲ့ပညာသင်ကြားပေး
ဟေပေ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်းတွင် အသက် ၃ဝ နှစ်အရွယ်ရှိ ဝမ်ရှိုးဆိုသူ ကျောရိုးကြွက်သား ချည့်နဲ့ဝေဒနာရှင် သည် ကျောင်းသား ၁၅ဝ ဦးကို ၁ဝ နှစ်ကျော်ကြာ အခမဲ့ ပညာသင်ကြားပေးခဲ့သူဖြစ်သည်။ ဝမ်ရှိုးသည် ၎င်းကိုယ်တိုင် အထက်တန်းအဆင့်ကို သင်ယူအောင်မြင်ခဲ့ပြီး Hebei Normal University က ၎င်းအား ဒီပလိုမာတစ်ခု ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။ အိပ်ရာထဲတွင်လဲနေသည်ဆိုသော်လည်း ပညာသင်ကြားပေးခြင်းကို လုံးဝဇွဲမလျှော့ဘဲ တစ်ဘဝလုံးတွင် ကြိုးစားသင်ကြားပေးခဲ့သူဖြစ်သည်။ ထိုသို့ကျောင်းသားများကို သင်ကြားပေးခြင်းဖြင့် ၎င်း၏ ဘဝ ကို ကျောင်းသားများအတွက် ထိရောက်စွာအသုံးချနိုင်မည်ဟုဆိုသည်။ ကျောရိုးကြွက်သား ချည့်နဲ့ရောဂါ သည် မျိုးဗီဇ မူမမှန်ခြင်းမျိုးဖြစ်ပြီး ကြွက်သားများလှုပ်ရှားနိုင်မှုအပေါ်ဆိုးရွားစွာထိခိုက်သည့်ရောဂါဖြစ်သည်။ ဝမ်ရှိုးမှာ လမ်းလျှောက်နိုင်ခြင်း၊ မတ်တပ်ရပ်နိုင်ခြင်းမရှိသော်လည်း စာသင်ကြားမှုကို ရပ်နားထားခြင်းမျိုးမရှိကြောင်းသိရသည်။ (Xinhua)