Connect with us

Videos

ကွယ်လွန်သွားပြီဖြစ်သည့် ထိုင်းဘုရင်ကြီး၏ ၈၉ နှစ်ပြည့် မွေးနေ့ပွဲကျင်းပ

ဘန်ကောက်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံပြည်သူများစွာက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်ခဲ့သော ကွယ်လွန်သွားပြီဖြစ်သည့် ဘုရင်ကြီး Bhumibol Adulyadej ၏ ၈၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ကို စည်ကားစွာကျင်းပခဲ့ကြသည်။ ဘန်ကောက်ရှိ မြဘုရားကျောင်းတွင်လည်း နန်းတက်စဘုရင် Maha Vajiralongkorn က ဦးဆောင် ကာ တော်ဝင်ဆုတောင်းဝတ်ပြုပွဲ အခမ်းအနား ကို ကျင်းပခဲ့သည်။ ထို့အပြင် ကွယ်လွန်သွားသည့် ဘူမိဘောဘုရင်ကြီးအား သတိရလွမ်းဆွတ်ပူဆွေးကြသူ ပြည်သူပြည်သား ၅၂ဝဝဝ ခန့်ကလည်း အဆိုပါ ဘုရားကျောင်းအနီးသို့ စုဝေးရောက်ရှိလာကြပြီး ဘုရင်ကြီးကို ဂါရဝပြုခဲ့ကြသည်။ ထို့အပြင် ဘန်ကောက်ရှိ ဘူမိဘော တံတားတွင်လည်း ဘုရင်ကြီး၏မွေးနေ့အမှတ်တရအဖြစ် ပြည်သူပေါင်း ၂သောင်းခန့်စုဝေး ရောက်ရှိကာ ဆုတောင်းပေးခဲ့ကြသည်။ ဆယ်စုနှစ် ၇ ခုကြာ ထိုင်းနိုင်ငံအားအုပ်ချုပ်ခဲ့သည့် ဘုရင်ကြီးသည် အောက်တိုဘာလ ၁၃ ရက်နေ့ သက်တော် ၈၈ နှစ်အရွယ်တွင် နာမကျန်းဖြစ်ကာ နတ်ရွာစံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.