Connect with us

Videos

ပန်ဒါကြီးများ၏ မစင်မှ စက္ကူထုတ်လုပ်

ရှန်ရှီး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ်တွင် အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သူ Liu Xiaodong သည် ၂ နှစ်ခန့် အချိန်ယူပြီး ပန်ဒါကြီးများ၏ မစင်မှ စက္ကူထုတ်လုပ်သည့် နည်းကို စမ်းသပ်အောင်မြင်ခဲ့သည်။ ထိုသို့စမ်းသပ်ရာတွင် လိုအပ်သည့် ပစ္စည်းများနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ခန့်က ပြုလုပ်ခဲ့သည့် စက္ကူပြုလုပ်နည်းကို အသုံးပြုခဲ့သည်။ ရှားပါးပန်ဒါကြီးများ၏ မစင်ထဲတွင် ဝါးအမျှင်များပါဝင်နေသည်ကို သတိပြုမိရာမှ ထိုသို့ပြုလုပ်ရန် အကြံဖြစ်ပေါ်ခဲ့ကြောင်း Liu က ဆိုသည်။ ထိုစက္ကူများကို အမှတ်တရ အဖြစ် နိုင်ငံခြားသားခရီးသွားများကို လက်ဆောင်အဖြစ်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ ယခုပြသ ထားသည့် video ထဲတွင် ပန်ဒါကြီးများ၏ မစင်များကို စက္ကူအဖြစ်ပြောင်းလဲထုတ်လုပ်ပုံ အဆင့်ဆင့်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.