Videos
ခရီးသွားဧည့်သည်များကို ဆွဲဆောင်နေသော ငါးရိုးပုံသဏ္ဍာန် သဲသောင်ခုံ
ဖူကျန့်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် Qixia ကျေးရွာတွင် ရေစီးကြောင်းကြောင့် ငါးရိုးပုံသဏ္ဍာန်သဲသောင်ခုံ ဖြစ်ပေါ်လာသည်ကို ရိုက်ကူးပြသထားသည့် ဗီဒီယိုဖြစ်ပါသည်။ အရှေ့ဘက်ကမ်းရိုးတန်းမှ စီးဆင်းလာသော ရေစီးကြောင်းနှင့် အနောက်ဘက်မှ ရေစီးကြောင်းတို့ ပေါင်းဆုံရာမှ ရေဝဲများဖြစ်ပေါ်စေပြီး ထိုမှတစ်ဖန် ကျောက်မှုန်၊ သဲမှုန်များကို စုစည်းစေကာ သဲသောင်ခုံဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ခရီးသွားရာသီ၌ အဆိုပါနေရာသို့ ခရီးသွားထောင်ပေါင်းများစွာ လာရောက်လည်ပတ်လေ့ရှိသည်။
သဘာဝအတိုင်းဖြစ်ပေါ်လာသော ထိုနေရာလေးက ဒေသခံတံငါသည်များ၏ ဝင်ငွေတိုးစေရန် အထောက်အပံ့ဖြစ်စေခဲ့သည်။ ၂၀၁၉ ခုနှစ်က ၎င်းသဲသောင်ပြင်သို့ လာရောက်လည်ပတ်သူများကြောင့် ဝင်ငွေ ယွမ် ၄ သန်းကျော်ရရှိခဲ့သည်ဟု ဆိုသည်။ (Xinhua)