Connect with us

Videos

အမျိုးသားလုံခြုံရေးဥပဒေ က ဟောင်ကောင်အပေါ် ဗဟိုအစိုး၏ မြင့်မားသော ယုံကြည်မှုကိုပြသကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးဆို

ဟောင်ကောင်၊ ဇူလိုင် ၃ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း က ဇူလိုင် ၁ ရက်တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားလုံခြုံရေးဥပဒေ က ဗဟိုအစိုးရ ၏ တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒ ကတိကဝတ် နှင့်အတူ ဟောင်ကောင်အပေါ်များစွာ ယုံကြည် အလေးထားသည်ကို သက်သေပြသခဲ့ကြောင်း ပြောကြားခဲ့သည်။ 

“တစ်နိုင်ငံ နှင့် စနစ်နှစ်မျိုး ဆက်နွယ်မှုကို မှန်ကန်စွာနားလည်မှုဆိုရာမှာ တစ်နိုင်ငံဆိုတာ မူလ ဇစ်မြစ် အခြေခံသဘောတရားပါပဲ၊ အဲဒီမူလဇစ်မြစ် အခြေခံကို ကောင်းမွန်စွာစောင့်ရှောက်နိုင်မှသာ စနစ်နှစ်မျိုးကိုကောင်းစွာကျင့်သုံးနိုင်မှာပါ” 

အမျိုးသားအဆင့် ဥပဒေ သတ်မှတ်ပြဋ္ဌာန်းခြင်းဟာ ဗဟိုအစိုးရရဲ့ အဓိက ဦးတည်ချက်များကို အချက် ၃ ချက်နှင့် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ကယ်ရီလမ်းကဆိုသည်။

“ပထမဆုံးအနေနဲ့ အချိန် တစ်နှစ်တာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများကိုထိန်းချုပ်ဟန့်တားရန်နှင့် ဟောင်ကောင်ဒေသကိုပြန်လည် တည်ငြိမ်မှုရှိအောင်ဆောင်ရွက်ရန်ဖြစ်ပြီးဒုတိယအနေနဲ့ ဥပဒေများကိုလေးစားလိုက်နာတဲ့ ဟောင်ကောင်ဒေသခံ ပြည်သူအများစုကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါတယ် တတိယ အနေနဲ့ကတော့ တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှင့် ပြီးခဲ့တဲ့ ၂၃ နှစ်တာကာလအတွင်း ဖြတ်ကျော်ခဲ့ရတဲ့ မပြည့်စုံမှုများကိုပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်ဆောင်ရန်တို့ဖြစ်ပါတယ် ကျွန်မတို့မှာ ဥပဒေပြဋ္ဌာန်းရုံတင်မဟုတ်ဘဲ ဥပဒေ စိုးမိုးအောင်လုပ်ဆောင်နိုင်စွမ်းလည်းရှိပါတယ် နောက်ပြီးတော့ နိုင်ငံသားအားလုံးကလည်း အမျိုးသားလုံခြုံရေးဥပဒေကို အလေးအနက်ထားထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အတွက် အများပြည်သူရဲ့ အာရုံစိုက်မှုနှင့် ပညာပေး လုပ်ဆောင်မှုများစွာလိုအပ်နေပါသေးတယ်ဒါမှလည်း ဟောင်ကောင်လူမှုအသိုက်အဝန်းမှာ အမျိုးသားလုံခြုံရေးဥပဒေရဲ့ အနှစ်သာရဟာ ခိုင်မာမြဲမြံမှာဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.