Videos
ချင်းမင်းဆက်လက်ထက်ကနံရံဆေးရေးပန်းချီများကို ရှာဖွေတွေ့ရှိ
ဟေပေ၊ ဇွန် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဟေပေပြည်နယ်တွင် ချင်းမင်းဆက်လက်ထက် က နံရံဆေးရေးပန်းချီ ၃၂ ကားကို ရှာဖွေတွေ့ရှိခဲ့သည်။အဆိုပါ နံရံဆေးရေးပန်းချီများကိုလွမ်ပင် စီရင်စုရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၂ဝဝ တိုင် ခဲ့ပြီဖြစ်သည်။ နံရံဆေးရေးပန်းချီများမှာ ကျိုးပဲ့နိုင်သည့် အသွင်ဆောင်သော်လည်း သူမတူအောင် ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။ ဆေးရေးပန်းချီတစ်ခု တွင် ရှေးခေတ် မီးသတ်သမားများက မီးလောင်ပြင်ကို အားကြိုးမာန်တက် မီးငြိမ်းသတ်နေပုံကို ပြသထား သည်။ဆေးရေးပန်းချီအများစုမှာ တရုတ်ရိုးရာ ပန်းချီအနုပညာများကို အခြေခံထားသည်။ အချို့မှာ အနောက်တိုင်း ပုံစံ ဆင်တူသည်။ သမိုင်းပညာရှင်များက အနောက်တိုင်း ပညာရပ် နှင့် အရှေ့တိုင်းပညာရပ်တို့ ပေါင်းစပ်ဖန်တီးထားဟန် ဖြစ်ကြောင်းဆိုသည်။ ထို ဆေးရေးပန်းချီများရှာဖွေတွေ့ရှိသည့် ဘုန်းတော်ကြီးကျောင်းကို အထူးထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိကြောင်းသိရသည်။ (Xinhua)