Connect with us

Videos

မဟာတံတိုင်း ပေါ်မှ အမြင့်ခုန်စတန့်တစ်ခုကို ပြုလုပ်

ထျန်းကျန်း၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အသက် (၄ဝ) နှစ်ရှိပြီဖြစ်သည့် အမေရိကန်နိုင်ငံသား လူစွန့်စား ဂျက်ကောလစ် ဆိုသူသည် မေလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ၏ အထင်ကရ မဟာတံတိုင်း ပေါ်မှ အမြင့်ခုန်စတန့်တစ်ခုကို ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံမြောက်ပိုင်းထျန်းကျန်းရှိ မဟာတံတိုင်းပေါ်မှ မီတာ ၆ဝဝ အမြင့်တွင် ဟယ်လီကော်ပတာမှတစ်ဆင့် အရှိန်ဖြင့်ခုန်ချခဲ့ခြင်းဖြစ်သည်။

လူအများစိတ်ဝင်စားခဲ့သည့် ဂျက်၏ ကိုယ်ပိုင်အတောင်ပါ အင်္ကျီဖြင့် ကောင်းကင်မှ ဒိုင်ဗင်ထိုးပျံသန်းခဲ့သည့် စတန့်အပြီး ယခု စတန့်ကို ပြသခဲ့ခြင်းဖြစ်သည်။ ဂျက်က ပြီးခဲ့သည့် စတန့် တုန်းက ကျဉ်းမြောင်းသည့် တောင်နံရံကြား၂ ခုအကြား ၂၅ ပေအကွာတွင် ပျံသန်း ခဲ့သောကြောင့် ယခု စွန့်စားမှုကို ပိုမို အန္တရာယ်ကင်းစေရန် လိုလားခဲ့သည်။

မေလ ၂၈ ရက်နေ့တွင ်ပျံသန်းမှုကို ပြုလုပ်ရန်လျာထားခဲ့သော်လည်း လေပြင်းများတိုက်ခတ်ခြင်းကြောင့် မေလ ၂၉ ရက် တနင်္ဂနွေနေ့သို့ ရွှေ့ပြောင်းခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.