Connect with us

Videos

ဂန္တဝင်လက်ဝှေ့အကျော်အမော်မိုဟာမက်အလီအသက် ၇၄ နှစ်အရွယ်တွင်ကွယ်လွန်

လော့စ်အိန်ဂျလိစ် ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အသက် ၇၄ နှစ်အရွယ်ရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ သုံးကြိမ် ဆုရှင် မိုဟာမက်အလီသည် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်ဆေးရုံ၌ ယနေ့တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

“အာရုံကြော ဝေဒနာကို ၃၂ နှစ်တိတိ ခံစားခဲ့ရပြီး နောက်မှာတော့ အသက် ၇၄ နှစ်အရွယ် မိုဟာမက်အလီဟာ ဆုံးပါးသွားရှာပါပြီ” ဟု မိသားစုပြောခွင့်ရပုဂ္ဂိုလ် Bob Gunnell က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အသက်ရှုလမ်းကြောင်း ဝေဒနာခံစားရသဖြင့် အလီအား ဇွန်လ ၂ ရက်က ဆေးရုံတင်ခဲ့ကြသည်။ မိုဟာမက်အလီသည်လက်ဝှေ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး လက်ဝှေ့သမားတစ်ဦး ဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၈၁ ခုနှစ်တွင် လက်ဝှေ့ထိုးခြင်းမှ အနားယူခဲ့ပြီးနောက် အာရုံကြောဝေဒနာ နှင့် လှုပ်ရှားမှု နှေးကွေးလာသည့် လက္ခဏာများ ခံစားခဲ့ရသည်။ ယင်းကာလ နောက်ပိုင်းတွင် မိုဟာမက်အလီသည် အာရုံကြောရောဂါ (Parkinson) ဝေဒနာကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။

ကပ်စီယက်စ်ကလေးဟု လူသိများသည့် အလီသည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်မှ စတင်ကာ လက်ဝှေ့လောကသို့ ဝင်ရောက်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၆၄ ခုနှစ် အသက် ၂၂ နှစ်အရွယ်တွင် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာသည်။ ထို့ပြင် ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်ကို ၁၉၇၄ ခုနှစ် နှင့် ၁၉၇၈ ခုနှစ်များတွင်လည်း ဗိုလ်စွဲခဲ့သူ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.