Videos
ငရုတ်သီးများအားသွားရေစာအဖြစ်စားသောက်သူ
ရှန်ကျန်း၊ အောက်တိုဘာ (၂၃)ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအလယ်ပိုင်း ကျိနန် ပြည်နယ်မှ အသက် (၄၅ ) နှစ်အရွယ် လီယောင်ကျဲ (Li Yongzhi) ဆိုသူ အမျိုးသားတစ်ဦးဟာ ငရုတ်သီးများကို သွားရည်စာသဖွယ်စားသောက်သူတစ်ဦးအဖြစ် နံမည်ကျော်ကြားလျက်ရှိသည်။ ၎င်းက ၂ ကီလိုဂရမ်ခွဲ ရှိသော ငရုတ်သီး များအား နေ့တိုင်းစားသူဖြစ်သည်။ ၎င်းသည် ရှင်ကျန်းမြို့တွင် နေထိုင်သူဖြစ် ပြီး ၎င်း ၏ အစားအစာတိုင်းတွင် ငရုတ်သီးများ ပါဝင်သည်။ မက္ကစီကန် ငရုတ်သီး ၊ အိန္ဒိယငရုတ်သီးစသည့် ကမ ္ဘာပေါ်တွင် အစပ်ဆုံး ငရုတ်သီးများကို ကြိုးဖြင့် သီတန်းပြီး အိမ်တွင် ချိတ်ဆွဲထားပါသည်။
၎င်းသည် ထမင်းစားပြီး တိုင်း ငရုတ်သီး အား သွားရည်စာအဖြစ်စားသည့် အပြင် ငရုတ်သီး များအား အိပ်ထဲအမြဲဆောင်ထားပြီး အချိန်တိုင်းစားနေတတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းဟာ ကလေးဘဝထဲက ငရုတ်သီးကြိုက် နှစ်သက်သူဖြစ်ပြီး ငရုတ်သီးများက အစာချေဖျက်နိုင် ကြောင်း၊ ယခုကဲ့သို့စားသောက်ခြင်းသည် ဆယ်စုနှစ်ခန့်က ကား မတော်တဆမှုဖြစ်ခဲ့ပြီး နောက် စတင်ခဲ့ကြောင်းသိရသည်။ ၎င်းသည် တရုတ်နိုင်ငံ တဝန်းရှိ Talent Show များတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ ငရုတ်သီးများစွာစားသောက်ပြပြီး အနိုင်ရခဲ့ကြောင်းသိရသည်။ (Xinhua)