Connect with us

Videos

တရုတ် နှင့် ဗြိတိန် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံစာချုပ်များ ချုပ်ဆိုနိုင်၊ ရွှေရောင်နေ့ရက်များ အစပျိုး

လန်ဒန်၊ အောက်တိုဘာ ၂၂ရက် (ဆင်ဟွာ)

တရုတ် နှင့် ဗြိတိန် တို့အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအရှိန်ရလာစေမည့် သဘာတူညီချက် စာချုပ် များ အား အောက်တိုဘာလ ၂၁ရက်နေ့ ကချုပ်ဆိုနိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ရွှေရောင် နေ့ရက် များကို အစပျိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ရှေ့မှောက်တွင် အတည်ပြု လက်မှတ်ထိုးခဲ့သော အမေရိကန်ဒေါ်လာ ၆၀ဘီလီယံ တန်ဖိုးရှိ စာချုပ်များသည် တရုတ်သမ္မတ ရှှီကျင့်ဖိန်၏ ဗြိတိန်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် လိုခြင်း သဘော ၏ ပြယုဂ်များပင် ဖြစ်ကြောင်းသိရသည်။
ရှီမှ နှစ်နိုင်ငံ ကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် မကြာသေးမီ နှစ်များအတွင်း တိုးတက် လာ ကြောင်း ၊ တရုတ်၏ “ခေတ်သစ်ပိုးလမ်းမကြီး အစပျုးိမှု” နှင့် ဗြိတိန်၏ “Northen Powerhouse” စီမံကိန်း ကဲ့သို့ သော ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်း လာကြောင်းသိရသည်။
ဆန်းသစ်တီထွင်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဗြိတိန် ပူးပေါင်းလုပ်ဆောင်မှု အတွင်း ကဏ္ဍသစ်များထွက်ပေါ်လာစေကြောင်းသိရသည်။
အောက်တိုဘာလ ၂၂ ရက် အစောပိုင်းတွင် သမ္မတရှီသည် Data Science Institute နှင့် လန်ဒန်မြို့ အင်ပရီရယ်ကောလိပ်ရှိ ဟန်မလင်း စင်တာ သို့သွားရောက်လည်ပတ်ခဲ့ပြီး ကျောင်းသားများအား နှစ်နိုင်ငံ ၏တူညီသော အကျုးိစီးပွားရေးအတွက် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် ကူညီထောက်ပံ့ပေးရန်တိုက်တွန်းခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.