Videos
ငလျင်ဒဏ်သင့်ပျက်စီးမူများသည့် သဗ္ဗညုဘုရားအား ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရန် တရုတ်အဆိုပြု
ပုဂံ ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ သဘာဝဘေး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များသည့် သဗ္ဗညု ဂူဘုရားကြီးအား ရှေးမူမပျက် ပြန်လည် ပြုပြင် ထိန်းသိမ်းရန် တရုတ် ကျွမ်းကျင် ပညာရှင်များ အဖွဲ့မှ အဆိုပြုထားကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်း စေတီ ပုထိုးများ ပြန်လည် ပြုပြင် မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအား တရုတ်-မြန်မာ နှင့် ယူနက်စကိုမှ ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက်ထိကျင်းပခြင်းဖြစ်သည်။
ထိုသို့ ပြုလုပ်သော ဆွေးနွေးပွဲတွင် တရုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့က ယခုကဲ့သို့အဆိုပြုခြင်း ဖြစ်ပြီး နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များက စိတ်ပါဝင်စားစွာဖြင့် ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
သဗ္ဗညု ဂူဘုရားကြီးသည် သမိုင်းခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ်များ အပြင် ငလျင်ဒဏ် ထိခိုက် ခံစားခဲ့ရသဖြင့် ပျက်စီး ဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)