Connect with us

Videos

ငလျင်ဒဏ်သင့်ပုဂံရှေးဟောင်းစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး တရုတ်-မြန်မာပညာရှင်များဆွေးနွေး

ပုဂံ ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအား တရုတ်-မြန်မာ နှင့် ယူနက်စကိုမှ ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍့ဖေဖော်ဝါရီ ၁၅ ရက်တွင် ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ နှင့် အထောက်အပံ့များ အတွက် ယူနက်စကို နှင့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ထိုင်းနိုင်ငံ နှင့် အခြား နိုင်ငံတကာမှ ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် ကျွမ်းကျင် ပညာရှင်များအား ကျေးဇူး အထူး တင်ရှိကြောင်း ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံမှ စေလွှတ်လိုက်သည့် ကျွမ်းကျင်ပညာရှင်များသည် ယူနက်စကို အပါအဝင် အခြား နိုင်ငံများမှ ပညာရှင်များ နှင့် ပူးပေါင်း၍ ပုဂံစေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများသည် နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး တည်ရှိကြပြီး ၊ ပုဂံဒေသ စေတီပုထိုးများ ပြုပြင်မွမ်းမံခြင်း ပူးပေါင်း ဆောင်ရွက်မှုများမှ တဆင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးများ ပိုမို တိုးတက် ခိုင်မာစေမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲတွင် မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ရှေးဟောင်း စေတီ ၊ ပုထိုး ၊ သာသနိက အဆောက်အအုံများ ပြန်လည် ပြုပြင် မွမ်းမံရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့သည့် အတွက် ဂုဏ်ပြု မှတ်တမ်းလွှာအား သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်အား ပေးအပ်ခဲ့သည်။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ပုဂံစေတီ ပုထိုးများ ပြန်လည် ပြုပြင်ထိန်းသိမ်းရေး အတွက် အမေရိကန် ဒေါ်လာ ၁ သန်းအား ထပ်မံ လှုဒါန်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.