Connect with us

Videos

စပါးအစေ့ကြီးမျိုးစိတ်သစ်တရုတ်တွင်စမ်းသပ်

ဟူနန်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံကျောင်းက အောက်တိုဘာလ၂၃ ရက်နေ့တွင် ၂.၂ မီတာ အမြင့်ရှိသည့် စပါးအစေ့ကြီး မျိုးစိတ်သစ်တစ်ခုနှင့်မိတ်ဆက်ခဲ့သည်။ အဆိုပါစပါးမျိုးစိတ်အပင်များ၏ ပျမ်းမျှအမြင့် ၁.၈ မီတာထက်ကျော်ရှိပြီး မြေ၁ဟက်တာတွင် ၁၁တန်ခွဲအထိ ထွက်ရှိမည်ဟုခန့်မှန်းထားသည်။ ၎င်းမှာ ပုံမှန်စပါးများထက် အထွက်နှုန်း ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ သာလွန်နိုင်ကြောင်းသိရသည်။ ထိုစပါးကို ဟူနန်ပြည်နယ် ရှောင်ရန်၊ ချန်တဲ နှင့် စူးကျိုး၊ ချန်းရှ မြို့များတွင် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။၎င်းမှာ လက်ရှိတွင် ကမ္ဘာပေါ်ရှိစပါးများထဲတွင် အစေ့အနှံအကြီးဆုံးစပါးလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.