Connect with us

Videos

မြေသြဇာနှင့် နေရောင်ခြည်မလိုအပ်သည့် ကမ္ဘာ့အကြီးဆုံးစိုက်ခင်း

ဖူကျန့်၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန့်တွင် မြေသြဇာနှင့် နေရောင်ခြည်မလိုအပ်သည့် ကမ္ဘာ့အကြီးဆုံး မြေမထိ စိုက်ပျိုးရေး (vertical plant) ကို စတုရန်းမီတာ ပေါင်း ၇ သိန်း ဖြင့်စမ်းသပ်စိုက်ပျိုးလျက်ရှိသည်။၎င်းစိုက်ခင်းမှ အရွက်နုအစိမ်းများတန် ၆ဝဝ ခန့် နှစ်စဉ်ပွင့်ဖူးသည်။ ထိုစနစ် ဖြင့် အပင်များအသီးများကို မြေသြဇာ၊ နေရောင်ခြည်၊ ပိုးသတ်ဆေးစသည်များအားအသုံးပြုရန်မလိုဘဲ အခန်းအတွင်း၌ပင် ရေရှိရုံဖြင့်စိုက်ပျိုးနိုင်ပြီဖြစ်သည်။ အလင်းရောင်အတွက် LED မီးများကိုအသုံးပြုထားပြီး မြေကြီးနေရာတွင် အပင်အဟာရဆေးရည်ကိုအသုံးပြုခြင်းဖြစ်သည်။

ထိုစိုက်ခင်းသို့ဝင်ရောက်မည်ဆိုပါက ပိုးသတ်ဝတ်စုံ ၂ ထပ်ဝတ်ဆင်ကာ လေကာမျက်မှန်၊ မျက်နှာဖုံး၊ ရာဘာလက်အိတ်နှင့် လည်ရှည်ဖိနပ်တို့ ကိုဝတ်ဆင်ရမည်ဖြစ်ပြီး ခေါင်းမှ ခြေအဆုံး ဓာတုပစ္စည်းကူးစက်မှုမရှိအောင်ဆောင်ရွက်ရခြင်းဖြစ်သည်။ထိုသို့ပတ်ဝန်းကျင်သန့်ရှင်းမှုဆောင်ရွက်ခြင်းကြောင့်စိုက်ခင်းအတွင်းပိုးမွှားများဝင်ရောက်မှုကင်းစင်စေမည်ဖြစ်ကာ ပြီးခဲ့သည့်ဇွန်လကစတင်စမ်းသပ်မှုအောင်မြင်ခဲ့ပြီးတနေ့လျင် ဆလပ်ရွက်နှင့်ဂေါ်ဖီထုတ်ကဲ့သို့သော ဟင်းသီးဟင်းရွက်တန်ချိန်ပေါင်း၁.၅ တန်အထိ ထွက်ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.