Connect with us

Videos

စွန့်ပစ်ခွေးများကို သုတ်သင်ခံရမည့်ဘေးက ကာကွယ်ရန် ပြိုင်ပွဲဝင်ခွေးများအဖြစ်လေ့ကျင့်ပေး

မက္ကဆီကိုအလယ်ပိုင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)
မက္ကဆီကို နိုင်ငံ အလယ်ပိုင်းတွင် စွန့်ပစ်ခံခွေးများအတွက် ပိုမိုကောင်းမွန်သည့် ဘဝကို ရရှိစေရန်အတွက် ပြိုင်ပွဲတစ်ခုကျင်းပပေးပြီး ထို ပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်စေရန်လေ့ကျင့်ပေးလျက်ရှိသည်။ မည်သည့်ခွေး အမျိုးအစားမဆို ကို လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း ကျွမ်းကျင်နည်းပြ တစ်ဦးကဆိုသည်။
ထိုအစီအစဉ်ကို public adoption and training program မွေးမြူလေ့ကျင့်ပေးသည့်အစီအစဉ်ဟု အမည်ပေးထားပြီး သနားစရာကောင်းသည့် ဉာဏ်ရည်မမီသည့် ခွေးများကို သုတ်သင်မည့် အန္တရာယ် ကို ကာကွယ်နိုင်ရန် နိုဝင်ဘာလက စတင်ခဲ့ခြင်းဖြစ်သည်။
Municipal Institute of Culture က အဆိုပါ အစီအစဉ်ကို စတင်ခဲ့ပြီး ရန်လိုသည့် အိမ်မွေးခွေးများ ကိုယဉ်ကျေးလာအောင် လေ့ကျင့်ပေးသည့်အစီအစဉ် ကိုပါ ဆောင်ရွက်ပေးကြောင်းသိရသည်။
ယခုအချိန်တွင် ခွေး ၂၂၅ ကောင်ကိုလေ့ကျင့်ပေးနေပြီး ၎င်းတို့ထဲမှ ၄၇ ကောင် သည် ပြိုင်ပွဲဝင်ရန်အတွက် အဆင်သင့်ဖြစ်ပြီး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.